နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Siberian ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူး ချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြ သည်။
မန္တလေးမြို့တိုင်းအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ)မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင် ၄ ဦးအား လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ကံမမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် သင်တန်းတက်ရောက်ရန် စေလွှတ်ပေးသူ ၂ ဦးတို့အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် လှုံ့ဆော်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်၊ ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၏ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်များ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဖယ်ခုံမြို့သို့သွားရောက်စဉ် ဆူပူအကြမ်းဖက်သူလူတစ်စုက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလို လားသည့် ဆူပူဆန္ဒပြသူအချို့က ဆူပူဆန္ဒပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများပေါ်၌ အတားအဆီးများချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ကော်လံုးတွင်ထားရှိသည့် Quarantine Center မှလိုအပ်သည့် ဆေးဝါးကုသပေးမှုများကို ဆက်လက်ဆောင်ရွက်ပေးသည်။ မြန်မာနိုင်ငံသားများအား ရောက်ရှိလာသော ဆေးဝါးကုသပေးမှုများကို ပြန်လည်ပို့ဆောင်နိုင်ရန် လိုအပ်သည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလို လားသည့် ဆူပူဆန္ဒပြသူအချို့က ဆူပူဆန္ဒပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများပေါ်၌ အတားအဆီးများချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် Facebook စာမျက်နှာပေါ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ပြန်ပေးဆွဲရန်၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့်စာများနှင့် ညစ်ညမ်းစွာပြောဆိုသည့် စာများဖြန့်ချိနေကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ၎င်းအား ဖမ်းဆီးရမိရေး အမှုဖွင့်ထားရှိခဲ့သည်။